Wednesday, December 21, 2011

ခရမ်းချဉ်သီးစားသုံးခြင်းရဲအကျိုးကျေးဇူး




Source: http://www.moba4all.org/forum/topic/show?id=6388385%3ATopic%3A369683&xgs=1&xg_source=msg_share_topic

ကျွန်တော်သူငယ်ချင်းတို့ကို ခရမ်းချဉ်သီးစားသုံးခြင်းရဲအကျိုးကျေးဇူးကိုပြန်လည်မျှဝေပေးချင်ပါတယ်

ကျန်းမာရေးရာ

ခရမ်းချဉ်သီးကို ဆေးလိပ်သောက်တဲ့သူတွေ အမြဲစားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးဟာ ဆေးလိပ်ကြောင့် ဖြစ်ရတဲ့ ကိုယ်တွင်းဆုံးရှုံးမှုများ၊ ဘေးဘယာများကို နည်းပါးပျောက်ကင်းအောင် စွမ်းဆောင်ပေးပါတယ်။ ခရမ်းချဉ်သီးထဲက ခလိုရိုဂျင်နင် (Chrologenic) နဲ့ ကူမာအစ် (Coumaric) အက်ဆစ်ဟာ အဆုတ်ကို ထိခိုက်ပျက်စီးမယ့် ဘေးကနေ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ခရမ်းချဉ်သီးမှာ ခရိုမီယမ် သတ္တုဓာတ်တွေ အများအပြား ပါဝင်တာမို့ ဆီးချို မဖြစ်အောင် ထိန်းညှိပေးပါတယ်။ ခရမ်းချဉ်သီးထဲက ဗီတာမင်အေဓာတ်ကြောင့် မျက်လုံးအမြင်အာရုံကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ မျက်လုံးအရောင် မကြည်တာကအစ ညဘက်အမြင် အာရုံအားနည်းတာတွေကိုပါ ပိုပြီး တိုးတက် ကောင်းမွန်လာစေပါတယ်။

ခရမ်းချဉ်သီးထဲက ဗီတာမင်ဘီနဲ့ ပိုတက်စီယမ်ဓာတ်ဟာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရော အနေအထားကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် နှလုံးရုတ်တရက်လေရိုက်ခြင်း၊ လေဖြတ်ခြင်းများ ကိုလည်း ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဟာ ကင်ဆာရောဂါ အတော်များများကို နှိမ်နှင်းနိုင်စွမ်း ရှိပါတယ်။

လေ့လာတွေ့ရှိချက် ၇၂ ခုအရ ခရမ်းချဉ်သီးကို အစိမ်းလိုက်၊ ချက်ပြုတ်ပြီးစားတဲ့သူရော၊ ခရမ်းချဉ်သီးနဲ့ ပြုလုပ်ထားတဲ့စားသောက်ကုန်များကို စားသုံးတဲ့သူတွေဟာ ကင်ဆာ ရောဂါတွေနဲ့ ပတ်သက်ပြီး အတော်လေးကို နှိမ်နှင်းကာကွယ်နိုင်စွမ်းရှိကြတာကို တွေ့ရှိရပါတယ်။ အဲဒီ့ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အစွမ်းဟာ ခရမ်းချဉ်သီးထဲက Lycopene ဓာတ်ပေါ်မူတည်နေပါတယ်။ အဲဒီ့ဓာတ်ဟာ ခရမ်းချဉ်သီးကို နီရဲအောင် လုပ်ပေးတဲ့ဓာတ်ပဲဖြစ်ပါတယ်။

အစာအိမ်ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးကို အစိမ်းထက်ချက်ပြုတ်ပြီး စားသုံးတာဟာ Lycopene ဓာတ်တွေ ပိုပြီး ထုတ်လုပ်ပေးတာကို တွေ့ရှိရပါတယ်။ လိုင်ကိုပိန်းဟာ ကင်ဆာရောဂါတွေကို သာမက အရည်ပြားအတွက် အန္တရာယ်ရှိစေတဲ့ရောင်ခြည်တွေကိုလည်း ကာကွယ်ပေးထားပါတယ်။ နောက်ပြီး ယောက်ျားလေးမျိုးဆက် ပြန့်ပွားခြင်းကို အထောက်အပံ့ ပေးပါတယ်။ သိသိသာသာ အစွမ်းပြတဲ့အချက်ကတော့ အဆုတ်နဲ့ အစာအိမ်ဘေးကင်းကျန်းမာစေဖို့ ကောင်းကောင်း အထောက်အကူ ပြုပေးပါတယ်။



အလှအပရေးရာ

ပါးနုသွေး၊ နီမြန်းစေချင်ရင်
တချို့ပျိုလေးတွေရဲ့ ပါးလေးတွေဟာ နီးမြန်းပြီး နှင်းဆီရောင် သမ်းနေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ချင်ရင် ခရမ်းချဉ်သီးကို များများစားပေးပါ။ ပါးပြင်ကို ပန်းနုရောင် သမ်းရုံမျှမက အသားရည်ကို ရွှန်းစိုဝင်းလဲ့စေပါတယ်။ ခရမ်းချဉ်သီးကို ဒီအတိုင်း စားပေးရင် ပါးပြင် ပန်းနုရောင်သန်းရုံမျှမက မျက်လုံး၊ သွား၊ အရည်ပြားတွေပါ ကောင်းမွန်စေပါတယ်။



မျက်နှာသန့်စင်စေချင်ရင်
အိပ်ရာမဝင်ခင်နဲ့ အိပ်ရာထပြီး ဆယ်ငါးမိနစ်၊ စုစုပေါင်း တစ်နေ့ကို မိနစ် ၃၀ လောက် အချိန်ပေးရင် ရပါပြီ။ အိပ်ရာမဝင်ခင်မှာ မျက်နှာကို ခရမ်းချဉ်သီးတစ်ဝက်နဲ့ (တစ်လုံးကို လှီးပြီး) မျက်နှာကို ပွတ်သပ်ပေးပါ။ လည်ပင်းတစ်ဝိုက်နေရာတွေကိုပါ ပွတ်ပေးပါ။ ပြီးရင်တော့ ဆယ်ငါးမိနစ်ခန့်ထားပြီး ရေနဲ့ ပြန်ဆေးပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လုပ်ပေးပါ။ မျက်နှာကို သန့်စင်ဝင်းပစေပါတယ်။



အဆီပြန်သော အသားအရေအတွက်
ပျားရည်နဲ့ ခရမ်းချဉ်သီးဟာ အဆီပြန်တဲ့ အသားအရည်အတွက် အရမ်းကို ဆေးဖက်ဝင်တဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။ ပျားရည်တစ်ဇွန်း(လက်ဖက်ရည်ဇွန်း) နဲ့ ခရမ်းချဉ်သီး အလတ်စား အရွယ်တစ်လုံးကို ယူပြီးရောစပ်ချေနှယ်ပေးပါ။ ပြီးရင် အဲဒီ့ ပျားရည်ရော ခရမ်းချဉ်သီးရည်ကို မျက်လုံးကလွဲပြီး မျက်နှာအပြင် အနှံ့လိမ်းပေးပါ။ လိမ်းပြီး အသားထဲ စိမ့်ဝင်သွားအောင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပေးပါ။ ၁၅ မိနစ်ပြည့်မှ ရေနဲ့ ပြန်ဆေးပေးပါ။ နှစ်ပတ်လောက် လုပ်ကြည့်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် ခရမ်းချဉ်သီးနဲ့ ဓာတ်မတည့်တဲ့ သူများအနေနဲ့တော့ မသုံးပါနဲ့။



ရေနွေးပူလောင်ခြင်းနှင့် ဝက်ခြံ
ရေနွေးပူလောင်လို့ ဘေးနားမှာတစ်ခုခုနဲ့ သက်သာအောင် လုပ်စရာပစ္စည်း၊ ဆေးဝါးမရှိရင် ခရမ်းချဉ်သီးနဲ့ အုပ်ထားပေးပါ။ အပူသက်သာစေပါတယ်။ အမြန်ဆုံး သက်သာ ပျောက်ကင်း စေပါတယ်။ ဝက်ခြံကိုလည်း ပြေလျော့စေပါတယ်။



ဆံပင်အနံ့ဆိုးခြင်း
တစ်ခါတစ်လေ ကိုယ့်ခေါင်းက ဆံပင်ရဲ့ အနံ့ဟာ ဆိုးရွားနေတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ခရမ်းချဉ်သီးအရည်နဲ့ ခေါင်းကို လိမ်းပြီး မိနစ်ငါးဆယ်လောက်ထားပြီး ရေနဲ့ ပြန်လျှော်လိုက်ရင် အနံ့အသက်လည်း ကင်းပြီး ဒက်တွေပါ ပျောက်ကင်းသွားစေပါတယ်။ နောက်ပြီး ဗီတာမင်အေ ပါဝင်တာမို့ ဆံသားကို တောက်ပြောက်သန်မာစေပါတယ်။


ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်. . . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်. .

* ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..

* ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.

* အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့ ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ် အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.

* တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်. . .

* ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.

* ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. .

ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .


တစ်ပတ် အတွင်း ခရမ်းချဉ်သီး ခုနစ်ကြိမ် စားသုံးသူ သည် ဆီးကျိတ် ကင်ဆာ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်း အထိ လျော့ချ စေနိုင်ပြီး ဆယ်ကြိမ်အထက်စား သူများဖြစ်ပါက ဆီးကျိတ်ကင်ဆာမှ လွတ် ကင်းနိုင်သည်ဟု သုတေသီတချို့က ဆိုသည်။ ခရမ်းချဉ်သီးတွင် ပေါပေါများများ ပါဝင်သည့် လိုင်ကော်ပင်းဓာတ် (Lycopene) သည် ကင်ဆာရောဂါများကို ကာကွယ်တိုက်ဖျက်ရာတွင် အားပြင်း သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant ဖြစ်သောကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကင်ဆာမကူးစက်အောင်နှင့် မပြောင်းလဲ မပျံ့နှံ့အောင်ကာကွယ်ပေး သည်ဟုဆိုသည်။ Antioxidant သည် အထူးသဖြင့် ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ သားအိမ်ကင်ဆာနှင့် ကင်ဆာ ဖြစ်မည့် အမြုတေများကို တားဆီးပယ် ဖျက်ပေးနိုင်သည်။

Lycopene ဓာတ်သည် Heart Attack နှလုံးရပ်ဆိုင်းခြင်းကို ကာကွယ် တားဆီးပေးနိုင်ပြီး အူမကြီးကင်ဆာနှင့် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်သည် ဟုဆိုကြသည်။Lutein နှင့် Zeaxanthin ဓာတ်များပါဝင်ခြင်းကြောင့် မျက်စိ အမြင်ကို ကောင်းမွန်ကြည်လင်စေနိုင် ကြောင်း သုတေသီများက ပြောသည်။ ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီဓာတ်၊ ဗီတာမင်စီ၊ မကောင်းသော LDL အဆီ ဓာတ်များကို ဖယ်ရှားပေးနိုင်သော HDL ကောင်းသောကိုလက်စထရောဓာတ်၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်တည်ဆောက် ရေးတွင် အရေးပါသော ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်၊ သွေးနီဥထုတ်ပေးရာ တွင် မရှိမဖြစ်လိုအပ်သော ဖိုလစ်အက် ဆစ်ဓာတ်က ကလေးငယ်များ ကြီးထွား ဖွံ့ဖြိုးစေရန် မီးယပ်သွေးဆုံးပြီး အမျိုးသမီး များ အရိုးပါးခြင်း၊ အရိုးဆက်ခြင်းမှ ကာ ကွယ်ပေးနိုင်သည့် ကယ်လ်ဆီယမ်ဓာတ်၊ အမျိုးသမီးများ အထူးလိုအပ်သည့် သံ ဓာတ်၊ သက်ကြီးရွယ်အိုနှင့် နှလုံးခုန်မမှန် သူများအတွက် လိုအပ်သည့် မဂ္ဂနီစီယမ် ဓာတ်များလည်း ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ခရမ်းချဉ်သီးကို အစိမ်း စားခြင်း၊ ချက်ပြုတ်စားခြင်း၊ ခရမ်းချဉ်သီး ဆော့စ်ပြုလုပ်စားခြင်းဖြင့် အာဟာရမျိုးစုံ ရရှိနိုင်မည်ဖြစ်သည်။

မှီငြမ်းလိပ်စာများ>>>www.yoyarlay.com/(or)www.myanmarinternetforum.com/(or)//www.apytz.org/
ငှက်ပျောသီးရဲ့အကျိုးကျေးဇူး
သရက်သီးစားသုံးခြင်းအကျိုးကျေးဇူး

Sunday, December 18, 2011

BarCamp Yangon 2011


Source:


တကယ်တော့ ဘားကမ့်ဟာ လွတ်လပ်တဲ့ ဆွေးနွေးချက်တွေကို အခြေခံမယ့် အပြန်အလှန် အနီးကပ်ဆုံး ဆွေးနွေးနိုင်တဲ့ ပွဲတွေ ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေး ပြောကြားမယ် ဆိုတာကို ပွဲအတွင်းရောက်မှသာ ခံစား သိရှိနိုင်တဲ့အတွက် ဘားကမ့်ကို တက်ရောက် လာသူတွေကသာ ပွဲကို ပုံဖော်သွားကြတဲ့ အတွက် တစ်ဦးကနေ အများဆိုတဲ့ အစဉ်အလာ မဟုတ်တော့ဘဲ အများကနေ နောက်ထပ် အများကို ထပ်ပြီး လက်ဆင့်ကမ်းပေးတဲ့ နှီးနှောဖလှယ်ပွဲတွေ ဖြစ်ပါတယ်။ ဘားကမ့်တွေကို ကဏ္ဍ အမျိုးမျိုးအတွက် ဆင်ယင် ကျင်းပလာကြပေမယ့် ဒီအစဉ်အလာကတော့ ပျောက်ပျက်မသွားဘဲ ပုံမှန် ဆွေးနွေးပွဲတွေ ဟောပြောပွဲတွေကနေ ခွဲထွက်လာခဲ့ပြီး လူကြီး၊ လူငယ် ပညာရပ်နည်းပညာ စတာတွေကို စုစည်း ပေါင်းစည်းပေးတဲ့ ပေါင်းကူး တစ်ခုလည်း ဖြစ်ပါတယ်။

BarCamp Yangon 2011 ကတော့ မြန်မာနိုင်ငံ အတွက်ရော ရန်ကုန်မြို့ အတွက်ပါ ဒုတိယ အကြိမ်မြောက် ကျင်းပတဲ့ပွဲလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ မြို့ကြီးတွေနဲ့ အာရှအထူးသဖြင့် အရှေ့တောင်အာရှမှာ ဆိုရင်လည်း ဘားကမ့်တွေကို တစ်မြို့ပြီးတစ်မြို့၊ တစ်နိုင်ငံပြီးတစ်နိုင်ငံ ဆက်လက် ကျင်းပလာတာကို ကြည့်ခြင်းအားဖြင့် ဘားကမ့်တွေရဲ့ ထိရောက် အောင်မြင်မှုကို ခံစားသိရှိနိုင်မှာ ဖြစ်ပါတယ်။ ပထမအကြိမ် ဘားကမ့် ရန်ကုန်ကို ကျင်းပခဲ့စဉ်က စီစဉ်ဆောင်ရွက်သူတွေ၊ ပူးပေါင်းပါဝင်သူတွေ၊ တက်ရောက်သူတွေကြောင့် ကမ္ဘာတစ်ဝန်း ကျင်းပခဲ့တဲ့ ဘားကမ့်တွေထဲမှာ အထူးခြားဆုံး တက်ရောက်သူ အများဆုံးဖြင့် မော်ကွန်း တင်နိုင်ခဲ့ပါတယ်။

BarCamp Yangon 2011 ရည်ရွယ်ချက်များ

ဘားကမ့်တိုင်းမှာ ရည်ရွယ်ချက်တွေက တညီတညွတ်တည်း ရှိတတ်ကြပါတယ်။ ဘုံရည်မှန်းချက်လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဒါကတော့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ ပညာရပ် နယ်ပယ်တွေနဲ့ အသိပညာပိုင်း၊ အတတ်ပညာပိုင်း ကွာခြားချက်တွေကို ပိုမို ကျဉ်းမြောင်းသွားစေဖို့နဲ့ အတူယှဉ်တွဲ ပူးပေါင်း ဆောင်ရွက်သွားနိုင်တဲ့ အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ပိုမိုပေါ်ပေါက်လာဖို့ နီးကပ်စွာ ဆောင်ရွက်ကြပြီး သာလွန်ကောင်းမွန်တဲ့ လူသားအကျိုးပြု နည်းပညာတွေကို ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်ဖို့ တစ်ဦးတစ်ယောက် တစ်ဖွဲ့ကနေပြီး ချုပ်ကိုင် ဆောင်ရွက်လာမှုတွေကို တားဆီးပြီး လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းတွေ နည်းပညာဆိုင်ရာ အဖွဲ့အစည်းတွေ ဆက်လက်ပေါ်ပေါက် ရှင်သန်ကြဖို့ပဲ ဖြစ်ပါတယ်။

BarCamp Yangon Organizer

တကယ်တော့ ဘားကမ့်ဆိုတာကို ဘယ်သူကမှ ပိုင်ဆိုင်ထားလို့ မရပေမယ့် ဘားကမ့်ကို ဖြစ်မြောက်လာအောင် ကြိုးစားဆောင်ရွက်ကြတဲ့ Organizer team ကမူအားဖြင့် ပိုင်ဆိုင်ကြပါတယ်။ ဘားကမ့်ရန်ကုန် ဖြစ်မြောက်ရေးအဖွဲ့ BarCamp Yangon Organizer Team) ကို ၂၀၀၉ခုနှစ်မှာ နိုင်ငံတကာ ဘားကမ့်တွေရဲ့ စံနှုန်းတွေကို သွေဖည်မှုမရှိဘဲ လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် စတင် ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်းချိန်မှာ မြန်မာကွန်ပျူတာ ပညာရှင်များအသင်းမှ ECအချို့၊ မြန်မာ ဘလောက်ဂါ အဖွဲ့မှ အဖွဲ့ဝင်များ၊ စာနယ်ဇင်းလောက၊ ကွန်ပျူတာလောက၊ စီးပွားရေး လောကတို့မှ ဘားကမ့်အပေါ် စိတ်ဝင်စားသည့် လူငယ်များဖြင့် လွတ်လပ်စွာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ပထမအကြိမ် ဘားကမ့်ရန်ကုန်အတွက် မြန်မာ ကွန်ပျူတာ ပညာရှင်အသင်း (MCPA) မှ ထိရောက်ကောင်းမွန်တဲ့ အထောက်အကူတွေကိုလည်း ပေးနိုင်ခဲ့ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းဖြင့် ပြင်ပအဖွဲ့အစည်းများဖြင့် မြန်မာကွန်ပျူတာပညာရှင်အသင်း (MCPA)တို့မှ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

BarCamp Yangon 2011 အတွက် ဖြစ်မြောက်ရေးအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရာမှာလဲ ပိုမိုထိရောက် အောင်မြင်နိုင်ဖို့ မူလပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တွေကို အခြေခံပြီး အဖွဲ့ဝင် အသစ်တွေနဲ့ ပြန်လည် ပြင်ဆင်ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ BarCamp Yangon Organizer များအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အခြားမြို့ကြီးတွေမှာလဲ ဘားကမ့်များကို ကျင်းပပေးနိုင်ဖို့ အထောက်အကူနဲ့ အတွေ့အကြုံများကို ဝေငှတဲ့အနေနဲ့ တောင်ကြီးနဲ့ မန္တလေးမြို့တို့မှာ ဘားကမ့်များ ကျင်းပနိုင်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ် ကျင်းပမယ့် ရန်ကုန်ဘားကမ့်အတွက် ဆက်လက်ပြီး မြန်မာကွန်ပျူတာပညာရှင်များအသင်း (MCPA)မှ ဆက်လက်ပြီး ထောက်ပံ့ ကူညီမှုများကို ပေးနေပါတယ်။

BarCamp တွေရဲ့ သဘောတရား

တကယ်တော့ ဒါက ပထမနှစ်ကတည်းက ပြုလုပ်သွားတဲ့ ပုံစံနဲ့ မကွဲပြားပါဘူး။ နိုင်ငံတကာမှာ ကျင်းပနေကြ ဘားကမ့်တွေလည်း ဒီလိုသဘောတရားအတိုင်း ကျင်းပလေ့ရှိပါတယ်။ ဘားကမ့်ကျင်းပတဲ့နေ့မှာ ပထမဆုံး ပြုလုပ်လေ့ရှိတာက အဖွင့်စကား ပြောရင်း ဒီဘားကမ့်ပွဲအတွင်း ဆောင်ရွက်ထားတဲ့ အခန်းအနေအထားနဲ့ ဘယ်လို ဆက်လက် လုပ်ဆောင်မယ် ဆိုတာတွေကို ရှင်းလင်း ပြောကြားပေးလေ့ ရှိပါတယ်။ တချို့ကတော့ ဘားကမ့်မတိုင်ခင် ကြိုတင် ပြင်ဆင်ထားကြတာတွေ ရှိပေမယ့် အချို့ကျတော့ ဘားကမ့်ရောက်မှ ချက်ချင်း ပြင်ဆင်ပြီး ဝင်ရောက် ဆွေးနွေးတာ၊ မိမိတို့ ဘယ်လိုဘာပြောမယ်ဆိုတာတွေကို ချက်ချင်း ဆောင်ရွက်ကြတာတွေလည်း ရှိပါတယ်။ ဘားကမ့်ရဲ့ အစီအစဉ်မှူးလို့ ဆိုရမယ့် အချိန်၊ အခန်းနေရာနံပါတ်၊ ဟောပြောမယ့် ခေါင်းစဉ်တွေကို ကြော်ငြာသင်ပုန်းတစ်ခုနဲ့ ပြထားမှာ ဖြစ်ပါတယ်။ ဒီတော့ နားထောင်လိုသူ၊ ဟောပြောလိုသူတွေက ဒီသင်ပုန်းကိုသွားပြီး မိမိတို့ဘာတွေ လုပ်မယ်ဆိုတာကို သွားရောက်လေ့လာရမှာ ဖြစ်ပါတယ်။



နားထောင်သူကနေ ဟောပြောသူဖြစ်၊ ဟောပြောသူက နားထောင်သူပြန်ဖြစ်နဲ့ ဖြစ်နေနိုင်ပါတယ်။ ဒီသင်ပုန်းကိုတော့ သင်ပုန်းစောင့်ကြည့်သူတွေက ကြီးကြပ်ပေးမှာဖြစ်ပြီး အခန်းအနေအထားတွေကို အချိန်တွေကို စီစစ်ဆောင်ရွက် စီစဉ်ပေးနေမှာ ဖြစ်ပါတယ်။ ဦးရာလူ စနစ်ဖြစ်တဲ့အတွက် စောစောလေးလာပြီး အခန်းနေရာယူထားဖို့တော့ လိုမယ်ထင်ပါတယ်။ တစ်ခါတစ်ရံ ကျတော့လည်း လူတွေအများစု စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အဓိကကတော့ တင်ဆက် ဟောပြောသူတွေရဲ့ အနေအထားဘဲ ဖြစ်ပါတယ်။ အပြိုင်အဆိုင်ဖြစ်စေမယ့် ခေါင်းစဉ်တွေ ဖြစ်နေခဲ့ရင်တော့ မိမိပြောမယ့်အခန်းကို နားထောင်သူတွေ ရောက်လာဖို့ရာ နည်းလမ်းတွေသုံးပြီး ဆွဲဆောင်နိုင်ပါတယ်။ ကြော်ငြာစာရွက်လေးတွေ လိုက်ကမ်းပေးတာ၊ ချောကလတ်ကျွေးတာ၊ ရယ်စရာလေးတွေနဲ့ ပြောဆိုတာလေးတွေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ဆွဲဆောင်မှုဟာလည်း ဟောပြောမယ့် ခေါင်းစဉ်နဲ့အတူ အရေးပါတယ်ဆိုတာ ဘားကမ့်မှာ လက်တွေ့ပြသနိုင်မှာ ဖြစ်ပါတယ်။

BarCamp Yangon 2011 ကိုလာရောက်ကြမည့်သူများ

ဘားကမ့်ရန်ကုန်ကို ပြည်တွင်းက စိတ်ဝင်စားကြတဲ့ လူကြီး၊လူငယ်တွေ အများအပြား လာရောက်မယ်လို့ မျှော်လင့်ထားတာ မမှားနိုင်သလို မနှစ်ကစိတ်ဝင်စားတဲ့ ပုံစံမျိုး ဒီနှစ်မှာလည်း ရှိနေဦးမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုလာရောက်မယ့် သူတွေထဲမှာ အသက်အရွယ် အပိုင်းအခြားမျိုးစုံနိုင်ပေမယ့် လူငယ်တွေ အများအပြား လာရောက်နိုင်ပါတယ်။ လာရောက်သူတွေထဲမှာ ပညာရပ်ပိုင်းဆိုင်ရာ အားကောင်းတဲ့ မိမိသိထားသမျှကို ဝေငှမယ့်သူတွေလည်း အများအပြား ပါဝင်နိုင်ပါတယ်။ အချို့တွေက နယ်ပယ်ရပ်တစ်ခုမှာ အားကောင်းစွာ ကျင်လည်နေပေမယ့် သူဟာလူသိများတဲ့သူလည်း ဖြစ်ချင်မှဖြစ်မှာပါ။



ဒီလိုလူမျိုးတွေရဲ့ ပြန်လည်ဖြန့်ဝေ ဆွေးနွေးမယ့် အချက်အလက်တွေကလည်း တန်ဖိုးရှိတယ်လို့ထင်ပါတယ်။ ဘားကမ့်ဟာ သတင်းအချက်အလက် နည်းပညာ အသိုင်းအ၀ိုင်းတစ်ခုတည်းအတွက် သီးသန့်မဟုတ်တဲ့အတွက် ကဏ္ဍအရပ်ရပ်က တင်ပြ ဆွေးနွေးချက်တွေကို ဝင်ရောက်လာနိုင်မယ်လို့လည်း ထင်ပါတယ်။ ဒုတိယအကြိမ်မြောက် ဖြစ်တဲ့အတွက် ဘားကမ့်ကို မစိမ်းတော့တာကြောင့် ပိုမိုပြီး အဆင်ပြေစွာ တက်ရောက်လာကြမယ်လို့လည်း မြင်ပါတယ်။ ဒါကြောင့် တက်ရောက်လာသူတွေဟာ နှစ်ရက်ပေါင်း ထောင်ကျော်လောက်တော့ ဖြစ်နိုင်ပါတယ်။ ပြည်တွင်းက စိတ်ဝင်စားတဲ့သူတွေအပြင် ပြည်ပကနေပြီး နိုင်ငံတကာ ဘားကမ့်တွေကို တက်ရောက်ပြီး နည်းပညာဖလှယ်နေကြတဲ့ ဘားကမ့်ပါတွေလည်း တက်ရောက်လာဦးမယ်လို့ သိရပါတယ်။

By Net Guide Journal